Post main image

သစ်တောပြုန်းတီးမှု နှင့် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ၎င်း၏အကျိုးသက်ရောက်မှုများ

>> ဖိုင်ကိုဒီမှာ ဒေါင်းလုပ်ရယူပါ။ >>

မြန်မာနိုင်ငံတွင် အရှေ့တောင်အာရှဒေသရှိ ဆက်စပ် မိုးသစ်တောများ၏ အကြီးမားဆုံးသော လက်ကျန်ဒေသအချို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ရှားပါးမျိုးစိတ်အချို့၏ မှီတင်းနေထိုင်ရာလည်းဖြစ်သည်။ သို့သော်လည်း သစ်တောပြုန်းတီးမှုနှုန်းသည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံးနှုန်းထားသို့ရောက်ရှိနေသည်။

သစ်တောပြုန်းတီးမှုဆိုတာ ဘာလဲ။

သစ်တောပြုန်းတီးမှု ဆိုသည်မှာ သစ်တောများ ခုတ်လှဲခြင်း၊ လယ်ယာမြေများဖော်ဆောင်ရန် ရှင်းလင်းခြင်း နှင့် စိုက်ပျိုးရေး (စားအုန်းဆီကဲ့သို့ သီးနှံများ စိုက်ပျိုးခြင်း သို့မဟုတ် ကျွဲ၊နွားများအတွက် စားကျက်မြေဖန်တီးခြင်း) ကဲ့သို့ အခြားသော သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုဖြစ်ပေါ်စေသော ရည်ရွယ်ချက်များဖြင့်သာမက မြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် သတ္တုတူးဖော်ခြင်းအတွက်ပါ အသုံးပြုရန် သစ်တောများအား ရှင်းလင်းလျက်ရှိသည်။ စီးပွားရေးအကြောင်းပြချက်များဖြင့် စီးပွားရေးလုပ်ငန်းများသို့မဟုတ် လူတစ်ဦးချင်းစီက ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၇၀% သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး သစ်တောထွက်ကုန်များကို မှီခိုနေရပါသည်။

မြန်မာ့သစ်တောများကို အကြီးစား စိုက်ပျိုးရေး၊ သစ်ထုတ်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ခြင်းများအတွက် အဓိက ခုတ်ထွင်ရှင်းလင်းလျက်ရှိသည်။ သစ်တောရှင်းလင်းခြင်းဟု လူသိများပြီး ယင်းသည် မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှု၏ အဓိကအကြောင်းအရင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တစ်နှစ်လျှင် သစ်တောဧရိယာ၏ ပျမ်းမျှ ဟက်တာ ၀.၅ သန်းခန့် ဆုံးရှုံးခဲ့သည်။ ဒေသခံများက သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ရန် ကြိုးပမ်းနေသော်လည်း လက်နက်ကိုင်ပဋိပက္ခနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုသာ ကြီးထွားစေပါသည်။

 

ဘာကြောင့် သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေပါသလဲ။

သစ်တောပြုန်းတီးရခြင်း၏ အဓိကအကြောင်းရင်းမှာ လူနေအိမ်များ၊ လမ်းများနှင့် အခြားသယ်ယူပို့ဆောင်ရေးများအပါအဝင် လူအခြေချနေထိုင်ရန် မြေနေရာလိုအပ်မှု သို့မဟုတ် စိုက်ပျိုးရေးထွက်ကုန်၊ သစ်၊ မီးသွေး/လောင်စာနှင့် သတ္တုအရင်းအမြစ်များကဲ့သို့သော ကုန်စည်ထုတ်လုပ်ရန် လိုအပ်ချက်များကြောင့်ဖြစ်သည်။

သစ်တောပြုန်းတီးမှု မြင့်မားလာပြီး အပူပိုင်းဒေသများရှိ  ပဋိပက္ခဖြစ်ပွားဆဲနှင့် ပဋိပက္ခလွန်နိုင်ငံအများအပြားတွင် စိုးရိမ်မှု ပိုမိုကြီးထွားလာလျက်ရှိသည်။

  • ကိုလံဘီယာ - ၂၀၂၀ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံရှိ သစ်ပင်ဖုံးလွှမ်းမှုဧရိယာ ၃၄၀၀၀ ဟက်တာ အထိ လျော့ကျမှုသည် နိုင်ငံ၏ ဂေဟစနစ် လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေရုံသာမက ဆင်းရဲမွဲတေမှု၊ မြေနှင့် ရေကို သာတူညီမျှစွာ သုံးစွဲနိုင်ခြင်း မရှိခြင်းအပြင်    တနိုင်တပိုင် သတ္တုတူးဖော်မှု ပိုမိုများပြားလာခြင်း၏ အကျိုးဆက်အနေနှင့် ပြဒါးကဲ့သို့သော ဓာတုညစ်ညမ်းမှုများကြောင့် ကျန်းမာရေး ပြဿနာများ ပိုမိုဖြစ်ပေါ်လာစေသည်။ 
  • ကမ္ဘောဒီးယား - ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘောဒီးယား၏ သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် သစ်တောဖုံးလွှမ်းမှုဧရိယာ ၅၅၇,၀၀၀ ဟက်တာ (စုစုပေါင်း အကာကွယ်ပေးထားသောဧရိယာ၏ ၁၁ ရာခိုင်နှုန်း) ဆုံးရှုံးခဲ့သည်။ သစ်တောပြုန်းတီးမှုသည် သစ်တောဂေဟစနစ်များ ပျက်စီးစေပြီး သစ်တောများအပေါ် မှီခိုနေသော ဒေသခံတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအတွက် လူမှုရေးနှင့် စီးပွားရေး ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

 

သစ်တောပြုန်းတီးခြင်းကြောင့်ထွက်ပေါ်လာသော တရားမဝင်သစ်များရဲ့ အကျိုးဆက်တွေက ဘာတွေလဲ။

သစ်တောပြုန်းတီးခြင်းနှင့် သစ်တောရှင်းလင်းခြင်းတို့သည် နိုင်ငံ၏ ဥပဒေများနှင့် ဆန့်ကျင်သည့်တရားမဝင်သစ်ထုတ်လုပ်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ ၂၀၁၇ နှင့် ၂၀၂၀ ခုနှစ်အကြားတွင် သစ်လုံးများ လေလံတင်ရောင်းချမှုကို ကန့်သတ်ရန်နှင့် သစ်တောရှင်းလင်းမှုများနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများမှ သစ်ထုတ်ကုန်တင်ပို့ခြင်းကို တားမြစ်ရန် ကြိုးပမ်းခဲ့သည်။ ထုတ်ကုန်၏ ရေရှည်တည်တံ့မှုနှင့် လူမှုရေး၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီမှုရှိစေရန် ထုတ်လုပ်ရေး ကွင်းဆက်တစ်ခုတွင် အမျိုးသားလမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်းများ၏ ကြီးကြပ်မှုအားနည်းခြင်းကြောင့် သစ်၏ တရားဝင်မှုရှိခြင်း မရှိခြင်းကို ဆုံးဖြတ်ရာတွင် ခက်ခဲလျက်ရှိသည်။ 

ထို့အပြင် ထုတ်ကုန်၏ ရေရှည်တည်တံ့မှုနှင့် လူမှုရေး၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများနှင့် အညီ အာမခံချက်ပေးသည့် ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက်သစ်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး တရားဝင်မှုဖြစ်ပေါ်စေရန် အမျိုးသားရေးလမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်းများ၏ ကြီးကြပ်မှု အားနည်းခြင်းကြောင့် တရားဝင်ဖြစ်သည်ဟု သတ်မှတ်ရန် ခက်ခဲပါသည်။  တရားမဝင်သစ်များရယူကာ အခွန်ရှောင်ရန် ဥရောပနှင့် အမေရိကန်ရှိ ဥပဒေများကို ချိုးဖောက်နေသည့် ဥရောပနှင့် အမေရိကန်ကုမ္ပဏီများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံမှ သစ်တင်ပို့မှုသည် ၂၀၂၁ ခုနှစ်မှ စတင်ကာ ၀င်ငွေ အမေရိကန်ဒေါ်လာ ၁၀၆ သန်းကျော် ရရှိခဲ့သည်ဟု ခန့်မှန်းရပါသည်။

>> ဖိုင်ကိုဒီမှာ ဒေါင်းလုပ်ရယူပါ။ >>

References

Treue, T., Springate-Baginski, O., and Htun, K. 2016. Legally and Illegally Logged out: Extent and Drivers of Deforestation & Forest Degradation in Myanmar.

FAO. 2020. Global Forest Resources Assessment 2020 – Key findings. Rome https://www.fao.org/redd/news/detail/en/c/1259388/

Hansen, M. C., Potapov, P. V., Moore, R., Hancher, M., Turubanova, S. A., Tyukavina, A., ... & Townshend, J. (2013). High-resolution global maps of 21st-century forest cover change. science, 342(6160), 850-853. Observatorio Do Clima (2022). The bill has come due. The third year of environmental havoc under Jair Bolzona- ro.

Betancur-Alarcón, L., & Krause, T. (2020). Reaching for the mountains at the end of a Rebelocracy: Changes in land and water access in Colombia's highlands during the post-peace agreement phase. Frontiers in Environmen- tal Science, 205.

Vélez-Torres, I., Vanegas, D. C., McLamore, E. S., & Hurtado, D. (2018). Mercury Pollution and Artisanal Gold Mining in Alto Cauca, Colombia: Woman’s Perception of Health and Environmental Impacts. The Journal of Environment & Development, 27(4), 415–444.

https://southeastasiaglobe.com/vietnams-worst-flooding-for-decades/

IPCC, 2018: Global Warming of 1.5°C.An IPCC Special Report on the impacts of global warming of 1.5°C above pre-industrial levels and related global greenhouse gas emission pathways, in the context of strengthening the global response to the threat of climate change, sustainable development, and efforts to eradicate poverty

https://www.globalforestwatch.org/blog/data-and-research/whats-happening-in-cambodias-forests/ https://eia-international.org/report/taxing-questions-evidence-of-tax-evasion-in-teak-exports-from-myanmar/ https://www.icij.org/investigations/deforestation-inc/myanmar-teak-trade-sanctions-military-regime/

အရင်ပို့စ် ရွှေတူးဖော်ခြင်းနှင့် ပြဒါး ယိုစိမ့်ညစ်ညမ်းမှု - သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုက်အဝန်းအပေါ် ဆိုးကျိုးသက်ရောက်မှုများ နောက်တစ်ခု မှော်ဆန်သော သစ်တောများ - မြန်မာနိုင်ငံ၏ သဘာဝရာသီဥတုအား စောင့်ရှောက်နေသူ