Post main image

မြေယာ အလွန်အကျွံ အသုံးပြုမှုနှင့် ကပ်ရောဂါပျံ့ပွါးမှုဖြစ်စဉ်

မြေယာ အလွန်အကျွံ အသုံးပြုမှု၊ သဘာဝရား ထိခိုက်မှုနှင့် ဆက်စပ် ကပ်ရောဂါပျံ့ပွါးမှုဆိုတာ ဘာလဲ?

မြေယာအသုံးပြုမှုပုံစံအမျိုးအစားများစွာသည် ကူးစက်ရောဂါပျံ့ပွားမှုကို ပိုမိုဖြစ်စေသည်။  သစ်တောပြုန်းတီးခြင်းနှင့် မြေယာအပိုင်း ခွဲခြမ်းစိတ်ဖြာခြင်းကဲ့သို့ သင့်တင့်လျောက်ပတ်မှုမရှိသော မြေယာအသုံးပြုမှုနှင့် မြေယာအသုံးပြုမှုပုံစံ ပြောင်းလဲခြင်းများသည် တောရိုင်းတိရစ္ဆာန်များနှင့် လူသားများကို ပိုမိုနီးကပ်စွာထိတွေ့စေပါသည်။ သဘာဝတရားထိခိုက်မှု၏ နောက်ဆက်တွဲအဖြစ် တောရိုင်းတိရစ္ဆာန်များသည် ရောဂါပိုးပျံ့နှံ့ကူးစက် ပြန့်ပွားမှုဖြစ်နိုင်ခြေ ပိုများစေသည့်အပြင် ၎င်းတို့မှ အဆင့်ပြောင်း ရောဂါများကို သယ်ဆောင်လာပြီး နီးစပ်သည့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရောဂါပိုးများ ပျံနှံ့ကူးစက်စေခြင်းများကို ဖြစ်ပေါ်စေသည်။ ၎င်းတောရိုင်းတိရစ္ဆာန်များသည် မွေးမြူရေး တိရစ္ဆာန်များနှင့် တူညီသော ဂေဟစနစ်ကို သုံးစွဲရခြင်းဖြစ်၍ အချင်းချင်း ပိုမိုနီးကပ်လာကာ ထို မွေးမြူရေး တိရစ္ဆာန်များကိုပါ ရောဂါ ကူးစက်ပျံ့နှံ့စေသည်။  အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ (သတ္တုတူးဖော်ခြင်း၊ လမ်းများ/ရထားလမ်း စသည်တို့)၊ ရေတိမ်ဒေသ ပြုပြင်မွမ်းမံမှုများနှင့်အတူ မြို့ပြကြီးထွားလာမှုသည် ညစ်ညမ်းမှုနှင့် လူသားများ ပြောင်းရွှေ့နေထိုင်မှု အပါအဝင် အကြောင်းရင်းများစွာကို တွန်းအားပေးနိုင်ပြီး ရောဂါပိုးများ ပေါ်ပေါက်ခြင်းနှင့် ကူးစက်မှုတို့ကို ပိုမိုဆိုးရွားစေပါသည်။ အဆိုပါ အကြောင်းအချက်များသည် မြေယာ အလွန်အကျွံ့အသုံးပြုမှု၏ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သည့် သဘာဝတရားထိခိုက်မှုနှင့် ကပ်ရောဂါ ပျံ့ပွါးမှုကို အဓိက ဖြစ်ပေါ်စေပါသည်။

မြေယာအသုံးပြုမှုသည် “တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားခြင်း၊ အခြားသော တိရစ္ဆာန်များသို့ ကူးစက် ခြင်း၊ တိရစ္ဆာန်များမှာ လူသားများသို့ကူးစပ်ခြင်း နှင့် ရောဂါပြန့်ပွားခြင်း” ဟုခေါ်သော ကွင်းဆက်တစ်ခု ၏ အဓိက မောင်းနှင်အားတစ်ခုဖြစ်သည့်နှင့်အညီ တောရိုင်းတိရိစ္ဆာန်များမှ လူသား များသို့ ရောဂါပိုးများ ပြန့်ပွားမှုကို တားဆီးရန် အလွန်အရေးကြီးပါသည်။


သဘာဝအလျောက်နေထိုင်ကျက်စားရာနယ်မြေများ ဆုံးရှုံးခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းများကြောင့် တောရိုင်းတိရစ္ဆာန်များအတွက် အဓိကကျသော အရင်းအမြစ်များဖြန့်ဖြူးနိုင်မှုနှင့် ရရှိနိုင်မှု လျော့နည်း သွားပါသည်။ အဆိုပါ ခြိမ်းခြောက်မှုများ၏ ရလဒ်များသည် စွမ်းအင်ရရှိမှုနှင့် အစာကွင်းဆက်ချိတ်ဆက်မှု စနစ်များ မြစ်များရှိ သက်ရှိများအသုံးပြုသည့် ရေထုဆိုင်ရာ ပြောင်းလဲ မှုများကို ဖြစ်စေပြီး ဂေဟစနစ်တွင် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာသည်နှင့်အလျောက် တိရစ္ဆာန်များအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်လာစေပါသည်။ အရင်းအမြစ်များ လျော့နည်းလာခြင်းကြောင့် တောရိုင်းတိရစ္ဆာန်များ အချင်းချင်း ပိုမိုနီးကပ်လာသည့် အပြင် (အထူးသဖြင့် ရောဂါပိုးများ ပျံ့နှံ့ကူးစက်နိုင်မှုများ) နှင့် လူသားတို့နှင့်ပါ အလွန်ပင် ပိုမိုနီးကပ်လာလျက်ရှိသည်။ တိုးပွားလျက်ရှိသော လူသားများ၏ ပရောဂကြောင့် ဖြစ်ပေါ်လျက်ရှိသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများ (ဥပမာ- စိုက်ပျိုးရေးနှင့် မြို့ပြအခြေချနေထိုင်မှုများ) သည် ရေ၊ မြေ နှင့် လေထုညစ်ညမ်းမှုမှတဆင့် ဂေဟစနစ်ကို ပိုမိုထိခိုက်စေပြီး တောရိုင်းတိရစ္ဆာန်များကို ရောဂါပိုးမွှားများ အန္တရာယ်ဖြစ်စေနိုင်သည့် ဇီဝကမ္မနှင့် အာဟာရဆိုင်ရာများတွင် ဖိစီးမှုများကို ဖြစ်ပေါ်စေသည်။ ယင်းအချက်အလက်များသည် ရောဂါပိုးမွှားကူးစက်ခြင်းနှင့် ဆင့်ပွားကူးစက်ခြင်းများ ကို ဖြစ်ပေါ်စေပါသည်။ စားကျက်မြေများပျောက်ဆုံးခြင်း၊ အမဲလိုက်ခြင်း၊ တောရိုင်းတိရစ္ဆာန်များနှင့် လူသားများ အနီးကပ်ထိတွေ့ခြင်းများက ရောဂါကူးစပ်မှုကို ပိုမိုမြင့်မားစေပြီး လူသားများနှင့် ရောဂါပိုမွှားများကို ပိုမိုထိတွေ့မှုရှိစေပါသည်။ လူဦးရေ လျော့နည်းကျဆင်းမှု (လူ၊ တိရစ္ဆာန်နှင့် စိုက်ပျိုးရေးတွင် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းကြောင့်) နှင့်ဆက်စပ်သော စိတ်ဖိစီးမှု မြင့်မားခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ ဘက်တီးရီးယားပိုးမွှားခုခံနိုင်မှုမြင့်တတ်ခြင်းနှင့်ဆက်စပ်နေသော အခြေအနေများသည် ရောဂါပိုးကူးစက်ခြင်း၊ ပြန့်ပွားခြင်းနှင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ခြေကို လွယ်ကူစွာဖြစ်ပေါ်စေပါသည်။ ထိုရောဂါပိုး ပျံ့နှံ့ယိုဖိတ်ကူးစက်မှုများသည် မွေးမြူရေးတိရစ္ဆာန်များမှ တောရိုင်းတိရစ္ဆာန်များထံသို့ ပြန်လည် ကူးစက်နိုင်ပြီး ဤဖြစ်ရပ်ကို နောက်ပြန် ကူးစက်ခြင်း (အသွင်းပြောင်း ကူးစက်ခြင်း) ဟုခေါ်ဆိုနိုင်ပါသည်။

ကျန်းမာရေးနှင့် ၎င်းတို့၏ လူမှုစီးပွားအကျိုးဆက်များအကြား အပြန်အလှန် မှီခိုလျက်ကြောင်းကို ထင်ရှားစေသည်။

  • သဘာဝ စားကျက်မြေများသို့ ရောဂါပိုးမွှားများ ကြားဖျက်ဝင်ရောက်လာခြင်းသည် မလေးရှား နိုင်ငံတွင် Nipah ဗိုင်းရပ်စ် ပေါ်ပေါက်လာခြင်းကို ဖြစ်ပေါ်လာစေသော အဓိကအကြောင်းရင်း တစ်ခုဖြစ်သည်။ စိုက်ခင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် အပူပိုင်း သစ်တောများ ပြုန်းတီးခြင်းသည် ကျွန်းဆွယ်တစ်လျှောက်တွင် မြောက်မြားစွာသော မြူခိုးများ ဖြစ်ပေါ်စေပြီး နေရောင်ခြည်ကို အဟန့်အတားဖြစ်စေကာ သီးပင်များ ပန်းပွင့်ခြင်းကို ရပ်တန့်စေမှုများ ဖြစ်ပေါ်စေပါသည်။ တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲမှုအဖြစ်အပျက် များ ဖြစ်ပွားလျက်ရှိသောကြောင့် အဆိုပါဖြစ်စဉ်သည် Nipa ဗိုင်းရပ်စ် စတင်ဖြစ်ပွားသော လင်းနို့မျိုးစိတ်အတွက် အသုံးပြုရာ သဘာဝအရင်းအမြစ်များ လျော့ပါးမှုကိုဖြစ်စေသည်။ ၎င်းတို့သည် အစာရေစာရရှိရေးအတွက် စိုက်ခင်းများနှင့် ရွာများအတွင်းသို့ ပြောင်းရွှေ့နေထိုင်လာကြသည်။ စိုက်ပျိုးရေး အလွန်အကျွံပြုလုပ်ခြင်းကြောင့် သရက် (အဆိုပါလင်းနို့မျိုးစိတ် နှစ်ခြိုက်သော အစားအစာတစ်ခု) စိုက်ခင်းများ ပေါများ ပိုလျှံနေပြီး တစ်ဖက်တွင်လည်း မွေးမြူရေး တိရစ္ဆာန်များစွာရှိနေခြင်းကြောင့် ၎င်းတို့မှ ထို မွေးမြူရေးတိရစ္ဆာန်များထံသို့ ရောဂါ စတင်ပျံ့ပွါးကူးစက်ကာ ထိုမှတဆင့် လူသားများဆီ ပျံ့နှံ့ကူးဆက်မှုများ ဖြစ်ပေါ်စေပါသည်။ ထိုဗိုင်းရပ်စ်ကြောင့် စီးပွားရေးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၅၈၂သန်း တန်ဖိုးထိ ရှိခဲ့​ပြီး ဝက်သားထုတ်လုပ်ရေးလုပ်ငန်းမှအပ ကျန်ရှိသော နယ်ပယ်ရှိ အလုပ်အကိုင်အခွင့်အရေး (လူဦးရေ ၃၆,၀၀၀ အလုပ်လက်မဲ့ဖြစ်)  နှင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်ခဲ့ရသည်။
  • အီဘိုလာရောဂါ (၂၀၁၃ - ၂၀၁၅) ကြောင့် လူပေါင်း ၁၁,၃၁၀ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ရောဂါပျံ့နှံ့ကူးစက်မှု ဖြစ်ပွားနေစဥ်အတွင်း အနောက်အာဖရိကတွင် ခရီးသွားလာကန့်သတ်မှုနှင့် တင်းကျပ်မှုများကြောင့် တောရိုင်းတိရစ္ဆာန်များ အမဲလိုက်ခြင်း၊ တရားမဝင် သစ်ခိုးထုတ်မှုနှင့် သတ္တုတူးဖော်မှုများ တိုးများလာခဲ့ပါသည်။ ထိုဖြစ်စဥ်များသည် ရေထိန်းဧရိယာများအပေါ် ဆိုးကျိုးသက်ရောက်စေသည့်အပြင် ရေအရည်အသွေးအပေါ် သက်ရောက်မှုများနှင့်အတူ လူများနှင့် ဂေဟစနစ်ကိုပါ ထိခိုက်စေပါသည်။ ထို့အပြင် ၂ နှစ်အတွင်း လေ့လာမှု ပြုလုပ်ခဲ့သည့်နေရာတစ်ခုတွင် အီဘိုလာရောဂါသည် ဂေါ်ရီလာ အကောင်ရေ ၅,၀၀၀ ကို သိသိသာသာ သေဆုံးစေခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားလုပ်ငန်းအပေါ်တွင်လည်း သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။

 

လူသားများ၊ တိရစ္ဆာန်များနှင့် ပတ်ဝန်းကျင်တို့ မည်သို့မည်ပုံ ချိတ်ဆက်နေသနည်း။

လူသားများ၊ တိရစ္ဆာန်များ၊ အပင်များနှင့် ပတ်ဝန်းကျင်တို့သည် တစ်ခုနှင့် တစ်ခုအမှီသဟဲပြု ချိတ်ဆက်လျက် ရှိနေပါသည်။ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ပြောင်းလဲမှုများသည် ရောဂါဖြစ်ပွားမှုမှတဆင့် လူသားများ ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုရုံသာမက စိုက်ပျိုးထုတ်လုပ်မှုကိုပါ ထိခိုက်စေသည်။ ဝတ်မှုံကူးနိုင်စွမ်းမရှိ ခြင်းကြောင့် စားနပ်ရိက္ခာဖူလုံရေးအပါအဝင် ရေ၊ မြေဆီလွှာနှင့် ရာသီဥတုတို့ကို ချိန်ညှိပေးသော ဂေဟစနစ် များကိုပါ ထိခိုက်စေပါသည်။ တစ်ဖက်တွင်လည်း လူမှုရေးရာ မျှတမှုဖြစ်စဥ်နှင့် စီးပွားရေး သာယာဝပြောမှုတို့ သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်နည်းတစ်ဖုံ လွှမ်းမိုးထားလျက်ရှိပါသည်။

ကျန်းမာသော သဘာဝပတ်ဝန်းကျင်က ဘယ်လို ကောင်းကျိုးသက်ရောက်မှုတွေ ပေးစွမ်းသလဲ။
မရှိမဖြစ်လိုအပ်သော ကုန်ကျစရိတ်များနှင့် အကျိုးကျေးဇူးများစွာတို့သည် သက်ရှိများ နေထိုင် ကျက်စားရာ သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေးတွင် မရှိမဖြစ် အရေးပါပါသည်။ နဂိုမူလဂေဟစနစ်များသည် ရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးသည့် ဂေဟစနစ်ဝန်ဆောင်မှုတစ်ခုအနေဖြင့်၊ တစ်ဦးချင်းကျန်းမာရေး ကုန်ကျစရိတ်များကို တိုင်းတာသည့် ရောဂါကုန်ကျစရိတ်လေ့လာမှုများကို အသုံးပြု၍ တွက်ချက်ရလွယ်ကူသော ငွေကြေးအကျိုးအမြတ်ဖြင့် ဂေဟစနစ်ဝန်ဆောင်မှုအဖြစ် ပံ့ပိုးပေးသည့်နည်းတူ ဇီဝမျိုးစုံ မျိုးကွဲကာကွယ်ရေး အတွက်လည်း ထိရောက်မည့် စစ်တမ်းများကိုလည်း ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ သဘာဝ ဂေဟစနစ်ကို ကျန်းမာလာအောင်လုပ်ဆောင်ခြင်းသည် အခြားတစ်ဖက်တွင်လည်း ငွေကြေးမဟုတ်သည့် အကျိုးရလဒ်များ  ရှိပါသည်။ ထိုအကျိုးရလဒ်များသည် နေထိုင်မှုနှင့်ကျန်းမာရေးဆိုင်ရာ အရည်အသွေးများကို တိုးတက်စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို အကာကွယ်ပေးခြင်းနှင့် ကာဗွန်သိုလှောင်မှု၊ ရေကြီးရေလျှံခြင်းကို ထိန်းချုပ်ထားနိုင်မှု သို့မဟုတ် ရောဂါပိုးမွှားများ၏ အန္တရာယ်မှ ကာကွယ်ထားနိုင်မှုအစရှိသည့် ဇီဝဂေဟစနစ်၏ ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်သည်။

References

Becker, D. J., Albery, G. F., Kessler, M. K., Lunn, T. J., Falvo, C. A., Czirják, G. Á., ... & Plowright, R. K. (2020). Macroimmunology: The drivers and consequences of spatial patterns in wildlife immune defence. Journal of Animal Ecology, 89(4), 972-995.

Morlando, S., Schmidt, S. J., & LoGiudice, K. (2012). Reduction in Lyme disease risk as an economic benefit of habitat restoration. Restoration Ecology, 20(4), 498-504.

Plowright, R. K., Reaser, J. K., Locke, H., Woodley, S. J., Patz, J. A., Becker, D. J., ... & Tabor, G. M. (2021). Land use-induced spillover: a call to action to safeguard environmental, animal, and human health. The Lancet Plane- tary Health, 5(4), e237-e245.

Plowright, R. K., Parrish, C. R., McCallum, H., Hudson, P. J., Ko, A. I., Graham, A. L., & Lloyd-Smith, J. O. (2017). Pathways to zoonotic spillover. Nature Reviews Microbiology, 15(8), 502-510.

Rana, S., & Singh, S. (2015). Nipah virus: effects of urbanization and climate change. In 3rd International Confer- ence on biological, chemical & environmental sciences (BCES-2015) (pp. 64-68).

UN.ESCAP (2022). Accelerating one health in Asia and the Pacific

 

အရင်ပို့စ် သစ်တောပြုန်းတီးမှု နှင့် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ၎င်း၏အကျိုးသက်ရောက်မှုများ နောက်တစ်ခု မှော်ဆန်သော သစ်တောများ - မြန်မာနိုင်ငံ၏ သဘာဝရာသီဥတုအား စောင့်ရှောက်နေသူ