Post main image

လေညာဒေသ (မြန်မာနိုင်ငံ တောင်ပိုင်း) ဆိုင်ရာ သီးခြား တင်ပြမှု

ဤအစီရင်ခံစာကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပထမအကြိမ် ထုတ်ဝေခဲ့ပါသည်။

 

ဆိုးကျိုးရိုက်ခတ်မှုများ

  • ယင်းဧရိယာသည် တောရိုင်းတိရစ္ဆာန်များနေထိုင်ကျက်စားရာ အင်ဒိုချိုင်းနား-ဆန်းဒေး ဒေသဖြစ်ပြီး ထူးခြား၍ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသောနေရာလည်းဖြစ်သည်။ လေညာဒေသတွင် နေထိုင် ကျက်စားကြသော မျိုးစိတ်အချို့ကို ကမ္ဘာ့ အခြားနေရာများတွင် မတွေ့ရှိနိုင်ပါ။
  • သစ်တောပြုန်းတီးမှုနှင့် ထုံးကျောက်တောင်ဒေသများတွင် သတ္တုတူးဖော်ခြင်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် သိပ္ပံပညာအတွက် အသစ်အဆန်းဖြစ်နိုင်သည့် မျိုးစိတ်များကို သာမက ရှာဖွေတွေ့ရှိခြင်း မရှိသေးသော မျိုးစိတ်များကိုပါ ခြိမ်းခြောက်နိုင်ခြေရှိသည်။
  • မြေယာများ ပြောင်းလဲချဲ့ထွင်လာခြင်းနှင့် အသုံးပြုခွင့် လုပ်ငန်းစဉ်များသည် ဒေသအာဏာပိုင်များ၊ တောင်သူများနှင့် နှစ်ရှည် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်။
  • လေညာဒေသရှိ သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းနေမှုသည် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ စိုက်ပျိုးရေး ဖြစ်ထွန်းနိုင်စွမ်းနှင့် ဆိုးရွားသော ရာသီဥတုနှင့် မြေပြိုခြင်းတို့မှ ကာကွယ်နိုင်စွမ်းကို ထိခိုက်စေပြီး အနီးနားရှိ ဒေသခံများအား တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆိုးကျိုး သက်ရောက်မှု ရှိစေသည်။
  • ထိန်းသိမ်းစောင့်ရှောက်ခြင်းမရှိပါက လေညာဒေသသည် တောရိုင်းတိရိစ္ဆာန် မျိုးစိတ်များအတွက် သဘာဝအလျှောက် ကျင်လည်ကျက်စားရာနေရာအဖြစ် ရပ်တည်နိုင်ရန် ခက်ခဲလာတော့မည်ဖြစ်ကာ တစ်ဆက်တည်းမှာပင် မြန်မာနိုင်ငံရှိ ကျား များအား ဆုံးရှုံးသွားနိုင်သည်။

အရေးယူ လုပ်ဆောင်သင့်သည်များ

  • စီးပွားဖြစ် သစ်ထုတ်လုပ်ခြင်းနှင့် သတ္တုတူးဖော်ခြင်းများကို ခြေရာခံပြီး ကမ္ဘာ့ ကုန်သွယ်မှု ကွင်းဆက်များကို ဖော်ထုတ်ကာ မြန်မာနိုင်ငံမှ ဝယ်ယူနေမှုကို အားမပေးရန် လုပ်ဆောင်ရပါမည်။ လက်ခံဝယ်ယူသည့် နိုင်ငံများအနေဖြင့် မူဝါဒများနှင့် ပိတ်ဆို့အရေးယူမှုများကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်ပြီး ငွေရေးကြေးရေး စီးဆင်းမှုများကို ခြေရာကောက် စစ်ဆေးရေး လိုအပ်သည့် လုံ့လစိုက် အားထုတ်မှုများ ဆောင်ရွက်သင့်ပါသည်။
  • လေညာဒေသတွင် ရှင်းလင်းပြတ်သားသော မြေယာအသုံးချခြင်းဆိုင်ရာ စီမံခန့်ခွဲမှုကို ထူထောင်ရန် မြေယာ မျှဝေသုံးစွဲပိုင်ခွင့် အချုပ်အခြာအာဏာပိုင်စိုးမှုဆိုင်ရာ သဘောတူညီချက်များကို တည်ဆောက်ရပါမည်။
  • သစ်ထုတ်လုပ်ခြင်းနှင့် သတ္တုတူးဖော်ခြင်းများကို တားဆီးအရေးယူ ဆောင်ရွက်နိုင်ရန် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများကို ပံ့ပိုးကူညီရပါမည်။
  • ဒေသခံလူထုအား ၎င်းတို့၏ ဒေသကို ထိန်းသိမ်းကာကွယ်ရန်နှင့် သဘာဝအရင်းမြစ်များကို ကောင်းမွန်စွာ စီခံခန့်ခွဲတတ်စေရန် တိုက်တွန်းအားပေးကူညီရပါမည်။ 

 

“ဌာနေတိုင်းရင်းသားပြည်သူများနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှာက်သူတွေကို စစ်တပ်က တိုက်ခိုက်နေတာဟာ သစ်တောတွေအတွက် အန္တရာယ်ရှိနေပြီလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဒီအာဏာသိမ်းမှုက ကျွန်တော်တို့ နိုင်ငံကို သာမက ကမ္ဘာ့အနာဂတ်ကိုပါ ထိခိုက်စေပါတယ်လို့ ပြောချင်ပါတယ်”

ကရင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူတစ်ဦး

သတင်းရင်းမြစ်: https://news.mongabay.com/

နောက်တစ်ခု မှော်ဆန်သော သစ်တောများ - မြန်မာနိုင်ငံ၏ သဘာဝရာသီဥတုအား စောင့်ရှောက်နေသူ