Post main image

တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ရောင်းဝယ်ဖောက်ကားနေမှု ဆိုင်ရာ သီးခြား တင်ပြမှု

ဤအစီရင်ခံစာကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပထမအကြိမ် ထုတ်ဝေခဲ့ပါသည်။

ဆိုးကျိုးရိုက်ခတ်မှုများ

  • တောရိုင်းတိရစ္ဆာန် တစ်ကောင်အား ၎င်းနေထိုင်ရာ သဘာဝ ကျက်စားနယ်မြေမှ ဖယ်ရှားခံရသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ဂေဟစနစ်အပေါ် အကျိုးပြုမှုကိုပါ ဆုံးရှုံးသွားစေသည်။ ထူးခြားသည့် လုပ်ဆောင်ချက်များ ပါရှိသော မျိုးစိတ်တစ်ခုအား ဂေဟစနစ်တစ်ခုအတွင်း ဆုံးရှုံးလိုက်ရခြင်းသည် ကြီးမားသော အန္တရာယ် အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော တိရစ္ဆာန်များအား ဝယ်ယူခြင်းသည် ၎င်းတို့အား ကာကွယ်ရာ (သို့မဟုတ်) ထိန်းသိမ်းစောင့်ရှောက်ရာ မရောက်ပါ။
  • ရောင်းဝယ်ဖောက်ကားခံနေရသော တောရိုင်းတိရစ္ဆာန်အချို့သည် လူသားများထံသို့ ရောဂါပိုးမွှားများ ကူးစက်စေနိုင်ပြီး ကပ်ရောဂါကို စတင် ဖြစ်ပွါးစေနိုင်သည့် ဗိုင်းရပ်စ်များ၏ မူလဇစ်မြစ် ဖြစ်နေနိုင်သည့် အလားအလာများကို ဖော်ထုတ် တွေ့ရှိခဲ့ပြီး ဖြစ်သည်။
  • ရောင်းဝယ်ဖောက်ကားခံနေရသော တိရစ္ဆာန်အချို့သည် မျိုးသုဉ်းပျောက်ကွယ်ရန် အလွန်အမင်း အန္တရာယ်ရှိသည့် အမျိုးအစားအဖြစ် သတ်မှတ်ခံထားရသည်။ မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များအား တရားမဝင် ရောင်းဝယ်ဖောက်ကား နေမှုများကြောင့် ထိုကဲ့သို့သော မျိုးစိတ်များအား ထာဝရ ဆုံးရှုံးသွားနိုင်သည်။

အရေးယူ လုပ်ဆောင်သင့်သည်များ

  • အထူးသဖြင့် တရားဥပဒေအရ အရေးယူဆောင်ရွက်မှုများ မရှိချိန်တွင် လူမှုကွန်ရက် မီဒီယာ အသုံးပြုသူများအား အွန်လိုင်းပေါ်၌ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ် ဖောက်ကားနေမှုများကို အားပေး ဆောင်ရွက်ခြင်းမပြုရန် တိုက်တွန်းလှုံ့ဆော်ရပါမည်။
  • ကိုဗစ် ၁၉ ရောဂါ နှင့် အခြားတိရစ္ဆာန်များနှင့် ဆက်နွယ်၍ဖြစ်ပွားသော ရောဂါများအား ဥပမာပြု၍ တောရိုင်းတိရစ္ဆာန်များနှင့် ဆက်နွှယ်သည့် ကျန်းမာရေး အန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းအား တိုးမြှင့်လုပ်ဆောင်ရပါမည်။
  • လူမှုကွန်ရက် မီဒီယာများတွင် တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်သည့် ကွင်းဆက်များကို ဟန့်တားပါ။ ပုဂ္ဂလိက ကုမ္ပဏီများ (ဥပမာ - ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်သည့် ကုမ္ပဏီများ) သည် နိုင်ငံသားများနှင့်အတူ ပါဝင်ဆောင်ရွက်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေသည်။

နောက်တစ်ခု မှော်ဆန်သော သစ်တောများ - မြန်မာနိုင်ငံ၏ သဘာဝရာသီဥတုအား စောင့်ရှောက်နေသူ